Main menu

တောင်ငူမြို့တွင် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနည်းငယ်တက်

Powered by Drupal
တောင်ငူမြို့တွင် ဇွန်လနောက်ဆုံးပတ်က စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုးDiesel တစ်လီတာ လျှင် ၂၅၄၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၁၅၀ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၀၀၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၀၈၀ ကျပ် ရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုး Diesel တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၄၃၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၁၈၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၂၆၀ ကျပ် ရှိခဲ့ပါသည်။ သို့ဖြစ်ပါ တောင်ငူမြို့တွင် တစ်ပတ်အတွင်း Diesel တစ်လီတာလျှင် ၂၃၀ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၂၈၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၁၈၀ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၁၈၀ ကျပ် ဈေးနှုန်းတက်သွားကြောင်း တောင်ငူမြို့ရှိ ရွှေဝါ စက်သုံးဆီ အရောင်းဆိုင်မှ သိရပါသည်။ DOCA(ပဲခူး)