
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်လက ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချရာ စျေးနှုန်း ၁၀၀၀ ကျပ် ကျသွားပါသည်။
သခွားသီးမှာ ယခင်လက တစ်ပိဿာ ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြစ်ပြီး ဈေးနှုန်းအနည်းငယ် ကျသွားပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်း အနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၂၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ခရမ်းသီးအညို နှင့် အဖြူသီးများမှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ် မှ ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲစောင်းလျားသီး တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ကောင်းကြောင်း ဈေးသည်များထံမှ သိရပါသည်။
DOCA(ပဲခူး)