Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ချဉ်ပေါင်ရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင်သာ၊ မယ်ဇလီတော၊ ဥယျာဉ်နှင့် မြို့အရှေ့ ဘက်ကမ်းရှိ ကျွန်းရွာ၊ မြင်ကွန်းစသည့်ကျေးရွာများမှ ဟင်းသီးဟင်းရွက်များအပြင် သရက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှစ၍ ချဉ်ပေါင်ရွက်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင် ကျပ်(၃၀၀-၄၀၀)ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မိုးတွင်းကာလဖြစ်၍ ဒေသတွင်းကျေးရွာများ၌ ချဉ်ပေါင် ရွက်များ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ ဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ DOCA (မကွေး)