Main menu

ချောက်မြို့နယ်၌ မိုးမြေပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအားများ တိုးမြှင့်စိုက် ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဇွန်လတွင် မိုးမြေပဲ(၅၂၇၈၉)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ချောက်မြို့နယ်အတွင်းစိုက်ပျိုးသည့် မြေပဲအမျိုးအစားများမှာ မကွေး ၁၁၊ မကွေး ၁၆၊ ဆင်းပဒေသာ ၁၁၊ စွန်တာနီ၊ ကျောင်းကုန်းပင်ပြန့်အမျိုးအစားများဖြစ်ပြီး ယခု၂၀၂၅ခုနှစ်တွင်မိုးမြေပဲ (၁၀၂၄၃၄)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်က မိုးမြေပဲတစ်ဧကလျှင် (၅၇.၅၀)တင်းနှုန်းဖြင့် စုစုပေါင်း(၅၈၈၉၉၅၅)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ဇူလိုင်လအတွင်းဖြစ်ပေါ်နေသော မြေပဲဆံ စျေးနှုန်းများမှာ မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ကျပ်(၈၅၀၀)ရှိနေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက မြေပဲ လုံးဆံဖြူတစ်ပိဿာလျှင် ကျပ်(၅၀၀)လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။ DOCA (မကွေး)