
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး၊ စပါးစိုက်ဧက ၁၄၁၁၉၂ ဧကရှိသည့် အနက် ၂၀၂၅-၂၀၂၆ ခုနှစ် ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးထွန်ယက်ပြီးစီးသည့် ဧကမှာ ၈၇၅၉ ဧက စိုက်ပျိုး ပြီးစီးကြောင်း သက်ဆိုင်ရာမြို့နယ် စာရင်းများအရသိရှိရပါသည်။
မအူပင်မြို့နယ်တွင် ဧည့်မထဆန်များမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တင်ပို့လျက်ရှိကြောင်း မအူပင်မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်များထံမှ သိရပါသည်။
မအူပင်မြို့နယ်၏ စပါးဈေးကွက်မှာ မိုးစပါး ပေါ်ဆန်း ၅၀ပေါင် ကွင်းဈေး ၂၆၈၀၀ကျပ်၊ ဆန်(၁၀၈)ပေါင် ဈေးမှာ ၁၂၀၀၀၀ကျပ်၊ မိုးဆင်းသုခ (၅၀)ပေါင် စက်အရောက်စပါးဈေး ၁၇၅၀၀၊ ဆန်(၁၀၈)ပေါင် ထိပ်စ ၇၅၀၀၀ကျပ်၊ ဖွဲနုဈေး ၂၄၀၀၀ကျပ်၊ နွေ GW-11 (၅၀)ပေါင် စက်အရောက်ဈေး ၁၅၀၀၀ ကျပ်၊ ဆန်(၁၀၈)ပေါင်ဈေး ၆၂၀၀၀ကျပ်၊ ဆန်ကွဲ ၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စပါးဆန် ရောင်းဝယ်သူများထံမှ သိရသည်။
DOCA(ဧရာဝတီ)