Main menu

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဇွန်လ ဆန်တင်ပို့မှု အခြေအနေများ

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ယခုလ ၂၀၂၅ ခုနှစ် ဇွန်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၂၆၆၀၊ ပန်းတနော် ဆန်တင်ပို့မှု ၁၅၄၈၀၊ ညောင်တုန်းဆန်တင်ပို့မှု ၁၉၈၅၂၉၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၄၃၂၈ အိတ်နှင့် စုစုပေါင်း (၂၀၄၀၉၉၇) တင်ပို့ပြီး တန်အားဖြင့် ၁၂၀၅၀ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၂၀၇၉၂၂ အိတ် နှင့် တန်အားဖြင့် ၁၀၃၉၆ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက မေလက မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၂၃၀၆၃၈) တင်ပို့ပြီး ယခုလ (၁၈၅၀၃၄၉)အိတ် ပိုမိုတင်ပို့ကြောင်း ၊ အခြားမြို့နယ်တင်ပို့မှုမှာ ဆန် ၂၇၈၀၁၀ အိတ် တင်ပို့သောကြောင့် ယခုလ (၇၀၀၈၈) အိတ် လျော့နည်း ပိုနိုင်ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)