Main menu

တောင်ငူအာလူးဈေးကွက်အခြေအနေ

Powered by Drupal
တောင်ငူမြို့ ဈေးများသို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အာလူးများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိရာ ယခင်လက အာလူးအသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့်အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ် ဖြစ်ပြီး၊ ယခုအခါ အာလူးအသေး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ် နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။ အာလူးတွင် ကယ်လိုရီ၊ အမျှင်ဓါတ်၊ ကာဗွန်ဟိုက်ဒရိတ် ၊ပရိုတင်းဓါတ်များ ပါဝင်သဖြင့် ကျန်းမာရေး အတွက် အထူးကောင်းမွန်သည့်အပြင် သွေးပေါင်ကိုလည်း ထိန်းညှိပေးပါသည်။ အာလူးကို ပြုတ်၍ သုပ်စားခြင်း၊ ကြော်စားခြင်း၊ အသားအမျိုးမျိုး၊ ဘဲဥ၊ကြက်ဥ တို့ဖြင့် ရောနှောချက်စားခြင်း၊ အသုပ်အမျိုးမျိုး ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည့်အပြင်၊ သရေစာမုန့် အဖြစ်လည်း နှစ်သက်သလို အသုံးပြုနိုင်သည်။ ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း ချက်ပြုတ်ရာ တွင် လွယ်ကူသည့်အတွက် အရောင်းအဝယ်ကောင်းကြောင်း ဘုရင့်နောင်ဈေးရှိ ကုန်ခြောက်ဆိုင်ပိုင်ရှင်ထံမှ သိရှိရပါသည်။ DOCA(ပဲခူး)