Main menu

သက်သာသောဈေးနှုန်းဖြင့်ဆန်ရောင်းချမှု

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ် ငန်းရှင်များမှ ဆန်များ ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ (၂၄)ရက် နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလို သည့် ပ မာဏ အတိုင်းရောင်းချပေးလျက်ရှိပါသည်။ ၇.၇.၂၀၂၅ ရက်နေ့တွင် ဆန်စက်နှင့် ဆန် ဆိုင်တို့မှဧည့်မထဆန်၊ရက်(၉၀)ဆန်၊မနောသုခဆန်တို့အားဆန်တစ်ပြည်လျှင်(၃၀၀၀/)ကျပ်နှုန်းဖြင့် ဆန်အိတ်(၂၉)အိတ် လူဦးရေ (၂၅၂)ဦးအား ရောင်းချပေးပြီး ဖြစ်ပါကြောင်း နှင့် လိုသလောက် ဆန်များကိုသက်သာသောဈေးနှုန်းဖြင့် ဆန်ကုန် သည်များမှ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအကြောင်း တင်ပြလိုက်ပါသည်။ DOCA(ပဲခူး)