Main menu

ကော့သောင်းဒေသထွက် ငါးလိပ်ခြောက်(သို့မဟုတ်)စမတ်ခြောက်

Powered by Drupal
ကော့သောင်းမြို့နယ် မြို့မစျေးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်)စမတ်ခြောက်များမှာ ဒေသထွက် ပင်လယ်ရွာများမှ မှာယူရောင်းချကြကြောင်း သိရှိရပါသည်။ ငါးလိပ်ခြောက်(သို့မဟုတ်) စမတ်ခြောက်များအား အမျိုးမျိုးစားသုံးကြပြီး အရောင်းအဝယ်သွက်လျက်ရှိကြပါသည်။ ကော့သောင်းမြို့၏ ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမဆုံးပတ်အတွင်း မြို့မစျေးကြီးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်) စမတ် ခြောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၅၀၀၀-၅၀၀၀၀ ကျပ်ဖြင့် စျေးများတွင်‌ရောင်းချနေကြပြီး ယခင်ဇွန်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)