
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိကျေးရွာများနှင့် မြိတ်မြို့ပေါ် ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြပြီး ရာသီပေါ်သီးနှံဖြစ် သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ရုံးပတီသီး၊ ပဲသီး၊ သခွားသီးများကို စိုက်ပျိုးကြပါသည်။ ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး စမ်းချောင်းကုန်စိမ်း ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြလျက်ရှိပါသည်။
ယခု၂၀၂၅ခုနှစ် ဇွန်လပထမပတ်တွင် ဖြစ်ပေါ်နေသည့် မြိတ်မြို့ပေါ်ရှိ ခရမ်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၅၀၀)နှင့် (၇၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)