Main menu

တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ရှိ ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

Powered by Drupal
မြိတ်မြို့နယ်စျေးကွက်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့ အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများ ပုံမှန် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ယခုဇွန်လပထမပတ်တွင် မြိတ်မြို့နယ်ရှိ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်ရှိပြီး ယခင်မတ်လပထမပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ရှိပြီး ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။ DOCA(တနင်္သာရီ)