
မြိတ်-ထားဝယ် ကားလမ်းနှင့်မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းတို့တွင် နယ်မြေမတည် ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ဒူးရင်းစေ့အဝယ်ကျကာ တွက်ခြေမကိုက် သဖြင့် ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်သူအချို့ လုပ်ငန်းရပ်နားနေကြောင်း သိရသည်။ မြိတ်ဒူး ရင်းစေ့အဝယ်ဒိုင်၏ ဧပြီလ ကုန်ပိုင်းအဖွင့်ဈေးမှာ ဒူးရင်းစေ့တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင် ရှိခဲ့ပြီး၊ ဇွန်လ၌ ကျပ် တစ်ထောင်ဝန်း ကျင်သာ ရရှိတော့ကြောင်း၊ဈေးလည်းမငြိမ် လမ်းခရီးလည်း မကောင်းလို့ ယခုနှစ်အဝယ်မလိုက်ကြောင်း၊ ဒူးရင်းစေ့ တင်ပို့ရာတွင် ကားသမားများကလည်းအာမ ခံမပေး၍ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိကြောင်း၊ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
ဒေသမျိုးဒူးရင်းသီးများ၏အစေ့ကိုသာအရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရင်းအပင် ပေါက်သွားသည့်အစေ့များကို အဝယ်ဒိုင်များကဝယ်ယူခြင်းမရှိကြောင်း၊ ထားဝယ်ဒေသ ထွက်ဒူးရင်းစေ့များကို မြိတ်သို့ကားလမ်းမှတဆင့်ပို့ပြီးထိုင်းနိုင်ငံသို့မောတောင်ကားလမ်းတို့မှ ကော့ သောင်းရေလမ်းကတင်ပို့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော တနင်္သာရီ-မောတောင် လမ်းပိုင်း၌ နယ်မြေအေးချမ်းမှုမရှိခြင်းကြောင့်ဈေးနှုန်း နည်းပါးလာသော်လည်း ရသည့်ဈေးဖြင့် ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်နေသူ တချို့လည်းကျန်ရှိနေသေးကြောင်း လေ့လာသိရှိရပါ သည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က ဒူးရင်းစေ့တစ်ပိဿာလျှင် (၇၀ဝ၀)ကျပ်အထိဈေးကောင်းခဲ့ပြီး နောက်ပိုင်းနှစ်များတွင် တစ်ပိဿာလျှင်(၅၀ဝ၀-၃၀ဝ၀-၂၀ဝ၀)ကျပ်ဈေးကျကာ ယမန်နှစ်က ကျပ် (၂၀ဝ၀ဝ)အထိ ဈေး ပြန်တက်လာခဲ့ကြောင်း၊ဒူးရင်းစေ့ကိုနှစ်စဉ် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ ဇူလိုင်၊သြဂုတ်လ အထိအရောင်း အဝယ်ပြုလုပ်လေ့ရှိကြောင်း နှင့် ထိုင်းနိုင်ငံတွင် ဒူးရင်းစေ့ကို ဆပ်ပြာ၊အသားလှဆီအဖြစ် လူသုံးကုန်များ ၌ လည်းကောင်း၊မုန့်အမျိုးမျိုးပြုလုပ်ရာတွင်ဂျူံမုန့်နှင့် ရောစပ် အသုံးပြုသလို အပင်မျိုးစပ်ကိုင်းကူးရာတွင်လည်း အသုံးပြုကြကြောင်း လေ့လာသိရှိရပါသည်။
DOCA(တနင်္သာရီ)