
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ ကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုး ဖြစ်ပါသည်။ ရုံးပတီသီးစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးနိုင်သလို နှစ်ရှည်သီးနှံပင်များနှင့်လည်း ကြားညှက်သီးနှံအဖြစ်စိုက်ပျိုးလာကြပါသည်။ရုံးပတီသီးကို ရန်ပုံနှစ်ကျေးရွာ၊ကြက်ဆင်ကျေးရွာနှင့် ငယ်တိုးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုးနှင့် ပင်မြင့်မျိုး များကိုအများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ် ရပြီး တစ်ရက်ခြားတစ်ကြိမ်ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရ ကြောင်း၊ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၂၃၀၀-၂၅၀၀)ကျပ်ဈေးနှုန်းရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊(၁)ဧက အထွက်နှုန်းအနေ ဖြင့်ပိဿာ(၁၀၀၀)ခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၁၆၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေး နှင့် အေးမြကြည်လင်ဈေးများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ရုံးပတီသီးသည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက်ဆေးဖက်ဝင် သည့်သီးနှံဖြစ်သည့်အတွက် ရုံးပတီသီးနှံအားတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်းသိရှိရပါ သည်။
DOCA(မန္တလေး)