Main menu

ထောပတ်ပဲစျေးကွက်

Powered by Drupal
ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိ ကြောင်းသိရ ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ (ကျွန်း) ၂၃၀၀၀၀ ကျပ် ၊ တစ်ပိဿာစျေးမှာ ၄၀၈၉ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၈၀၀၀ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါကထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။ DOCA(မန္တလေး)