Main menu

မန္တလေးပဲတီစိမ်းစျေးကွက်

Powered by Drupal
ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစား ဖြစ်ပါသည်။ မန္တလေးပဲမျိုးစုံစျေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင် ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုး မှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာ ကထိန်တော် အသင်း တွင်၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်းအညာ ၂၈၀၀၀၀ ကျပ်နှင့် ၃၈၈၀၀၀ ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၂၄၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာပဲတီစိမ်းအညာ ၄၉၇၈ကျပ်နှင့် ၆၈၉၈ ကျပ်၊ ပဲတီရွှေဝါ(ပဲခွဲ) ၄၂၆၇ ကျပ် နှင့် ၄၄၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (အညာ) ၂၉၃၃ ကျပ်နှင့် ၃၆၂၇ ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၇၅၆ ကျပ်နှင့်၂၈၄၄ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းအညာမှာ တစ်ပိဿာလျှင် ၃၂၇၁ ကျပ်စျေးပိုမိုရရှိ ကြောင်း သိရပါသည်။ DOCA(မန္တလေး)