Main menu

မန္တလေးမတ်ပဲစျေးကွက်

Powered by Drupal
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ် မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ရိတ်သိမ်း(၁၀၄၉၅)ဧက၊အထွက်နှုန်း(၁၂.၆၅)တင်းနှင့် အထွက် (၁၃၂၇၀၉) တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၅၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း)၁၈၀၀၀၀ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ(ကေျာက်စရစ်)၄၇၅၀ ကျပ်၊မတ်ပဲ(ရေသွင်း) ၃၀၀၀ ကျပ် နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ဟောင်း)၄၆၆၇ကျပ်၊မတ်ပဲ(ရေသွင်း) ၄၂၅၀ကျပ်နှင့် ၄၃၃၃ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်း ယှဉ်ပါက မတ်ပဲစျေးမှာ စျေးပိုမိုရရှိကြောင်း သိရပါသည်။ DOCA(မန္တလေး)