Main menu

မန္တလေးအစေ့ထုတ်ပြောင်းစျေးနှုန်းစျေးကွက်

Powered by Drupal
ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း သိရပါသည်။ မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့ ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက် ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်း စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေး မှာ ၃တင်း ဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ) ၈၇၀၀၀ ကျပ်နှင့်၈၈၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၉၀၀၀၀ ကျပ်နှင့် ၉၂၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၉၁၀၀၀ကျပ်၊တစ်ပိဿာ စျေးအနေဖြင့်ပြောင်း ဖူးစေ့(ဗမာ) ၁၆၁၁ ကျပ်နှင့် ၁၆၃၀ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၆၆၇ကျပ်နှင့် ၁၇၀၄ကျပ်၊ပြောင်းဖူး စေ့(စီပီ) ၁၆၈၅ ကျပ်စျေးတို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၂၂၂ ကျပ်နှင့်၁၂၄၁ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၂၇၈ ကျပ် နှင့် ၁၂၉၆ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၂၅၉ကျပ်နှင့်၁၂၈၇ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ယခုနှစ် စျေးနှင့် ယခင် နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်အထက်ပိုမိုရရှိ ကြောင်း သိရပါ သည်။ DOCA(မန္တလေး)