
စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့် မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ) ၄၄၀၀၀၀ကျပ်နှင့်၄၅၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၅၂၀၀၀၀ ကျပ်နှင့်၅၃၀၀၀၀ကျပ်၊တစ်ပိဿာ လျှင် စားတော်ပဲ (ကနေဒါ) ၇၄၂၆ ကျပ်နှင့် ၇၅၉၅ ကျပ်၊ စားတော်ပဲ (ကျွန်း) ၈၇၇၆ကျပ် နှင့် ၈၉၄၅ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၆၂၄၅ ကျပ်၊စားတော်ပဲ(ကျွန်း) ၄၅၅၇ ကျပ်နှင့် ၄၈၁၀ ကျပ်ဖြစ်ပြီး၊ယခု နှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၁၃၅၀ ကျပ်နှင့် စားတော်ပဲ (ကျွန်း)၄၁၃၅ ကျပ်တို့စျေးပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)