
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လ ဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၇၀၀၀၀ ကျပ်နှင့် ၄၀၀၀၀၀ကျပ်၊ နှမ်းဖြူ(ဗမာ)၃၀၀၀၀ဝ ကျပ်နှင့် ၃၁၀၀၀ဝ ကျပ်၊ပန်းနှမ်း ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဂျပန်) ၈၂၂၂ ကျပ်နှင့် ၈၈၈၉ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၆၈၈၉ ကျပ်၊ ပန်းနှမ်း ၆၆၆၇ ကျပ်စျေးတို့ဖြစ် ပေါ်လျက် ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၈၆၆၇ ကျပ်နှင့် ၈၉၅၆ ကျပ်၊နှမ်းဖြူ(ရိုးရိုး) ၈၀၀၀ ကျပ်နှင့် ၈၂၂၂ ကျပ်၊နှမ်းညို ၆၈၂၂ကျပ်နှင့် ၇၁၁၁ ကျပ်၊ ပန်းနှမ်း ၄၄၄၄ ကျပ်နှင့်၄၅၅၆ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေး နှိုင်းယှဉ်ပါက နှမ်းစျေး မှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)