Main menu

မအူပင် ဈေးကွက်အတွင်း ရောင်းချနေသော အားလူးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal
မအူပင်မြို့ သို့ ရန်ကုန်ဈေးကွက်မှ အခြေခံစားသောက်ကုန်ဖြစ်သည့် အာလူးများ မှာယူရောင်းချလျက်ရှိပြီး မအူပင်ဈေးကွက်တွင် ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ဘုရင့်နောင်မှ ဝင်ရောက်လာသည့် အာလူးများကို စားသုံးသူများက စားသုံးရန် ဝယ်ယူကြသလို၊ မုန့်လုပ်ငန်းထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် အားလူး ဈေးနှုန်းဈေးကွက် လက်လီဈေးနှုန်းအနေဖြင့် အလုံးလတ် ၁-ပိဿာ ၃၅၀၀ ကျပ်၊ အလုံးကြီး ၁ ပိဿာ ၄၀၀၀ ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိသည်။ အားလူး ၁အိတ်လျှင် အချိန် ၅၀ ပါဝင်ပြီး ရန်ကုန်ဘုရင့်နောင်မှ အလုံးကြီး ၁အိတ်လျှင် ၁၇၀၀၀၀ ကျပ်၊ အလုံးလတ် ၁အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရောင်းချရပြီး ၁လ လျှင် အားလူး အကြီး ၇အိတ်၊ အလတ် ၅အိတ် ရောင်းချရကြောင်း အားလူးရောင်းချသည့် ကုန်သည်ထံမှ သိရသည်။ DOCA(ဧရာဝတီ)