
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ကန်ဇွန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် လက္ကားဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိှိရသည်။
DOCA(စစ်ကိုင်း)