Main menu

ထားဝယ်မြို့ရှိ ရှောက်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့အနီးအနားရွာများမှ   ထွက်ရှိသော ရှောက်သီးများကို ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်များမှ ခြံအထိလာရောက်ဝယ်ယူပြီး ၎င်းအဝယ်ဒိုင် များမှတစ်ဆင့် စည်ပင်သာယာဈေး၊ကမ်းနားဈေး၊ညနေဈေးတို့တွင် ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီးများအား  ရှောက် ပေါင်းချိုပြုလုပ်ပြီး တခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ယခုအချိန်တွင်  ရှောက်သီးအလုံးသေးတစ်လုံးလျှင် ၃၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၅၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးသူများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)