
ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲ မြင် မယ်ထင်ပါသည်။ သုံးမြှောင့်ပုံအရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံစိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ဖြစ်ထွန်းသည်။
ချဉ်ပေါင်ရွက်ကို ထားဝယ်မြို့အနီး တဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ထားဝယ်မြို့ပေါ်ရှိ ဈေးများအပြင် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင် (၂၅၀-၃၀၀) ကျပ်နှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)