
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဇွန်လ စတုထ္ထပတ်တွင် သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိသော မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယခု ဇူလိုင်လ ပထမပတ်တွင် မုံညှင်းထုတ် ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေး နှုန်းများဖြင့်ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မုံညှင်းထုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)