Main menu

ကန့်ဘလူမြို့နယ်၌ စိန်တလုံးသရက်သီး အဝင်နည်း၍ အရောင်းသွက်

Powered by Drupal

             မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော စိန်တလုံးသရက်သီးမှည့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေး(၁)လုံး လျှင်(၅၀၀)ကျပ်နှင့် (၅)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း စိန်တလုံး သရက်သီးများ အဝင်နည်းလာကြောင်း သစ်သီးဆိုင်များမှ သိရှိရသည်။

DOCA(စစ်ကိုင်း)