Main menu

ဇူလိုင်လပထမပတ်တွင် ရာသီစာ မန်ကျည်းသီးနုများ အရောင်းသွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ ပထမပတ်၌ ရာသီစာ မန်းကျည်းသီးနုများ လှိုင်လှိုင်ဝင်ရောက်လာကြောင်းသိရသည်။ မုံရွာမြို့ရှိ ဈေးများတွင် ဇူလိုင်လ ပထမပတ်၌ ရောင်းချနေသော မန်ကျည်းသီးနုဈေးနှုန်းများအနေဖြင့် ( ၁၀)ကျပ်သားလျှင် ( ၁၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ ပိဿာလုံးဈေးလျှင် ( ၁၁၀၀၀)ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိပြီး ရာသီစာ ဖြစ်သည့်အတွက် ဝယ်ယူစားသုံးမှုများပြား၍ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)