
မန္တလေးစျေးကွက်သို့ မိုးရာသီဖြစ်၍ မန္တလေးတိုင်း ဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင် ရောက်မှုများပြား လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြစ် ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါ သည်။ မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့်သံပုယိုသီးမှာ ဝင်ရောက်မှုများပြား သည့်အတွက် စျေး အနည်း ငယ်လျော့ကျသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)