
မန္တလေးစျေးချိုတော်ရှိ ငါးခြောက်စျေးကွက်မှာ ဝါတွင်းကာလအတွင်း အလှူပွဲများ၊ ဘုရား ပွဲများကျင်းပမှု များပြားလျက်ရှိပြီး၊ ငါးခြောက်မျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက်များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့ မှာ ငါးနီတူးခြောက်၂၀၀၀ဝိ/- နှင့်၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ် သင် ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင် ခြောက် ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား) ၈၅၀၀ဝိ/- နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)