Main menu

“သြဂုတ်လကုန်ပိုင်းတွင် မိုးကြိုဝါများ စတင်ကောက်သိမ်းမည်”

Powered by Drupal

           မိတ္ထီလာခရိုင်အတွင်း မိုးကြိုဝါကို ဧပြီလသင်္ကြန်ပြီးနောက် စိုက်ပျိုးခဲ့ရာ သြဂုတ်လကုန်ပိုင်းတွင် စတင်ကောက်သိမ်းနိုင်မည်ဟု သိရသည်။ မိုးကြိုဝါကို မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်အားလုံးတွင် စိုက်ပျိုးရာ သာစည်မြို့နယ်တွင် ဧက (၂၃၀၀) ကျော်ဖြင့် အများဆုံး စိုက် ပျိုးကြောင်း သိရသည်။ ခရိုင်အတွင်း ဧက (၃၈၀၀) ခန့် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း (၂၅၀) ပိဿာကျော် ထွက်ရှိမည်ဟု သိရသည်။ ဝါသီးနှံမှာ ဒေသအတွင်း သုံးစွဲမှုများသည့်အပြင် ပြည်ပဝယ်လိုအားကောင်းသောကြောင့် စျေးကောင်းရရှိလျှက်ရှိရာ ဝါစျေးမှာ အညံ့စတစ်ပိဿာလျှင် လက်ရှိပေါက်စျေး  (၂၂၅၀-၂၃၀၀) ရှိကြောင်း သိရသည်။

DOCA(မန္တလေး)