
ဓနုဖြူမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်း ကို(၈-၇-၂၀၂၅) ရက်နေ့ ညနေ (၄) နာရီက ဓနုဖြူမြို့နယ်ရပ်ကွက်များရှိ အချိုရည် လက်ကား စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ စတိုးဆိုင်များတွင် ရောင်းချနေသည့် ဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိတို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ အသင့်သောက်အချိုရည်များတွင် ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)