
မအူပင်ခရိုင်၊ ပန်းတနော်မြို့အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိစေရေး၊ ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သင့်တင်သော ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိကို (၆-၇-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး ပန်းတနော်မြို့နယ်မှ တာဝန်ရှိသူများက ဆန်ဆိုင်မှ ဆန်ဈေးနှုန်း စာရင်းများ၊ ရောင်းချသည့် ဆန်အမျိုးအစားများ၊ ဆန်လက်ကျန်စာရင်းများ၊ ဆန်ဝယ်ယူရောင်းချမှု အခြေအနေများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မှတ်ပုံတင်သတ်တမ်းတိုးဆောင်ရွက်ရန်ရှိပါက သတ်တမ်းတိုး ဆောင်ရွက်နိုင်ရန် ကိုလည်းကောင်း မှာကြားပြီး ဆန်များအားသတ်မှတ်ထားသည့် စျေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြား၍ ဆန်ဆိုင်များ ဈေးနှုန်း တည်ငြိမ်စွာရောင်းချနိုင်ရေးကို ဌာနဆိုင်ရာများနှင့်အတူ လစဉ် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)