Main menu

လက်လီပဲဈေးကွက်တွင်  ပြည်စားတော်ပဲဈေးကောင်းရ

Powered by Drupal

          ပြည်ပဲဈေးကွက်အတွင်း လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ ပြည်ပဝယ်လက်ပဲများ ဈေးကောင်းရသလို ပြည်တွင်းလက်လီ/လက်ကားရောင်းဝယ်မှုဖြစ်တဲ့ ပဲသီးနှံများကလည်း ဈေးကောင်းရနေခဲ့ပါသည်။ ပြည်ဈေးကွက်၌ လက်လီရောင်းဝယ်နေသော ပဲသီးနှံထဲတွင် စားတော်ပဲ သီးနှံဟာဆိုလျှင် တစ်တင်း ၁သိန်းကျပ်ဖြင့် ဈေးအမြင့်ဆုံးရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ နှစ်စဉ်လိုလို စားတော်ပဲသီးနှံဈေးကောင်းရခဲ့သော်လည်း ယခင်နှစ်က တစ်တင်း ၅သောင်းကျပ်သာ ရခဲ့၍ ယခုနှစ် ဈေးမှာဖြင့် ယခင်နှစ်ဈေးထက် တစ်ဆထပ်မြင့်တက်ခဲ့ပါသည်။ စားတော်ပဲ သီးနှံအနေဖြင့် ပဲဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှု မရသော်လည်း  လှောင်ပဲများရှိသောကြောင့် လက်လီအဝယ်သမားရှိမှုအပေါ် အိတ် ၂၀ကျော် ရောင်းချခဲ့ကြရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)