Main menu

ကန့်ဘလူမြို့နယ်၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ ဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၃၈၀၀)ကျပ်၊ အကြီး(၁)ထုပ်လျှင်(၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၃၈၀၀မှ ၄၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)