Main menu

ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် ရောင်းချလျက်ရှိသော ခါကြက်ဥ ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့် ခါကြက်ဥ(ဗမာ)ဟူ၍ ခါ(၂)မျိုးရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများ ရှားပါးလာသည့် အချိန်ဖြစ်၍ တရုတ်ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(တရုတ်) လက္ကား တစ်ပိဿာလျှင်(၉၅၀၀)ကျပ်၊ ခါကြက်ဥ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥ လက်လီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)