Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သဖန်းဆိပ်ဆည် ရေချို ပုဇွန်ခြောက် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ပုဇွန်ခြောက် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ပုဇွန်ခြောက်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ခြောက်ဖြစ်ပြီး အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  လက်ဆောင်ပေးရာတွင်လည်း  အမြင်လှသည့်အတွက် အရောင်းသွက်ကာ ဈေးကောင်းရရှိလျက် ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ခြောက် ဈေးနှုန်း များအနေဖြင့် ပုဇွန်ခြောက် အကြီး လက္ကားဈေး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး လက်လီဈေး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်  အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၂၈၀၀၀) ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပုဇွန်ခြောက်ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)