Main menu

MITS, MRF, DOCA & DOTအဖွဲ့များ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုနှင့်စပ်လျဉ်း၍ ညောင်တုန်းမြို့နယ်ဆန်/ ဆန်ကွဲသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် အမှတ် (၃၄၉)၊ အရွဲကျေးရွာ၊ညောင်တုန်းမြို့နယ်။ (၁၉ - မိုင်) Golden Lake Import & Export Co.,Ltd Myanmar Broken Rice B 1:2 (Sortexed) 1040 MTသို့  ဆန်/ ဆန်ကွဲ သိုလှောင်ထားရျိမှု အခြေအနေများကို MITS, MRF, DOCA & DOTအဖွဲ့များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရန်ဆောင်ရွက်ပြီး Myro တွင် ၂၀၂၄ ဇွန်လက သက်တမ်းတစ်နှစ် များပြည့်မြှောက်ပြီးမှုရှိ/မရှိကို စစ်ဆေးပြီး နှစ်ပြည့်ပါက သက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ညောင်တုန်းဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်လိုင်စင်ပြင် ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြ လျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ပသို့တင်ပိုရန် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိမှု မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)