Main menu

ပြည်ဈေးကွက်တွင် ရက်တစ်ရာသပြေပန်းများ သပြေတုံးနေရာတွင်အစားထိုးဝင်ရောက်

Powered by Drupal

  ပြည်မြို့ရှိဈေးကွက်များသို့ ရက်တစ်ရာသပြေပန်းများကို ယခုဇူလိုင်လတတိယပတ်တွင် နေပြည်တော်နှင့် ရန်ကုန်ဘက်မှ တစ်ခြင်းလျှင် အပင်ရေ (၂၅၀)ပင်ပါရှိသည့် ခြင်းပေါင်း (၁၀)ခြင်းခန့် အဝင်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ရက်တစ်ရာသပြေပန်းများ ဝင်ရောက်မှုရှိနေသဖြင့် သပြေပန်းတုံးများဝင်ရောက်မှုနည်းနေတာတွေ့ရပါသည်။ ရက်တစ်ရာ သပြေပန်း ရောင်းချသောဈေးနှုန်းများမှာ အပင်ကြီး တစ်ပင်လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပင်လတ် တပင်လျှင် (၁၀၀၀-၁၂၀၀)ကျပ်၊ အပင်သေးတစ်ပင်လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချနေတာတွေ့ရပါသည်။ သပြေပန်းတုံးမှာ ဝင်ရောက်မှုနည်းသဖြင့် ဈေးများမြင့်တက်လာပြီး အတုံးကြီးတစ်တုံးကို (၅၀၀၀-၇၀၀၀)ကျပ်၊ အတုံးလတ်တစ်တုံးကို (၃၀၀၀-၄၀၀၀)ကျပ် နှင့် အတုံးလေးတစ်တုံးကို (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ထို့သို့ သပြေပန်းတုံးမှာ ဈေးကြီးလာသဖြင့် လူအများက ဘုရားပန်းအိုးထိုးရာတွင် ဈေးသက်သာပြီး ကြာရှည်အထားခံသည့် ရက်တစ်ရာသပြေပန်းကိုသာ ဝယ်ယူကြသဖြင့် ဈေးကွက်တွင် ရက်တစ်ရာသပြေပန်းများ အစားထိုးဝင်ရောက်လာခဲ့ပါသည်။
DOCA(ပဲခူး)