Main menu

ဩဂုတ်လပထမပတ်တွင် ဈေးတက်နေသော ပခုက္ကူရွှေကြက်သွန်နီ

Powered by Drupal

            အိမ်ရှင်များအတွက် မရှိမဖြစ်စားဖိုစောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လ(ပထမ)ပတ်မှစ၍ တဖြည်းဖြည်း မြင့်တက်လျက်ရှိပြီး ဒိုင်ဖြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၁၇၅၀) ကျပ် ၊ အလတ် စတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၁၃၀၀)ကျပ် ဖြစ်ခဲ့ပြီးယနေ့ ဒိုင်ဖြတ်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ၊ အလတ်စ တစ်ပိဿာလျှင် (၁၈၀၀)  ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၁၄၀၀)ကျပ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးတက်နေပါသည်။

            အဝင်ကုန်ချိန်အနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၂၅၀၀၀ မှ ၆၀၀၀၀) ထိအရောင်းအဝယ် ဖြစ်နေကြောင်းကုန်သည်များထံမှသိရှိရပြီး မြို့မစည်ပင်နှင့် ပန်းခြံဈေးတို့တွင် အရည်အသွေးကို လိုက်၍ ထိပ်စတစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၂၀၀၀ - ၁၈၀၀) ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၁၆၀၀ - ၁၅၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် မြဝတီမြို့များသို့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)