
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံ ဒေါ်တင်တင်ဌေးပါ(၂)ဦးတို့သည် (၁၇.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ဈေးနှုန်းများမေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက်ရှိသော ဆန်ဈေးနှုန်း/ ဈေးကွက်သတ်မှတ်ရည်ညွှန်းဈေးအရ ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း အုပ်စုများ၏ ဈေးနှုန်းကို ပိုမိုဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန်ပစ္စည်းများထဲမှ အဓိကကျသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတည်ငြိမ် မှုရှိစေရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)