Main menu

နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုများ

Powered by Drupal

       နေပြည်‌တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မှဆောင်ရွက်နေသည့် သက်သာသောဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချနေမှုကို  ၁၃-၈-၂၀၂၂ ရက်နေ့တွင် နေပြည်တော်အတွင်းရှိမြို့နယ်များသို့ ရောင်းချမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

    “ပျဥ်းမနားမြို့နယ်၊ ဂုဏ်မင်းအိုင်ကျေးရွာနှင့် ရွာသာရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်မှ ဆီပိဿာချိန် ၁၃၂၀ကိုဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ပျဉ်းမနားမြို့နယ်၊ အောင်ကုန်းကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းမှ ဆီပိဿာချိန် ၁၃၂၀ကို ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ပျဥ်းမနားမြို့နယ်၊ ပိတောက်ချောင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေး ခဲ့ကြောင်း၊ ပျဥ်းမနားမြို့နယ်၊ စိုင်ခေါင်ရိုးကျေးရွာနှင့် ရှားယားကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ်အေးမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊  ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကုလားကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦး‌အောင်ကိုထက်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိတ်ကျေးရွာနှင့် ပုဗ္ဗသီရိအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့တွင် ဆီလုပ်ငန်းရှင်ဒေါ်နုနုအေးမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဥတ္တရသီရိမြို့နယ်၊ မုံနစ်ကျေးရွာနှင့် ဖောင်းလောင်ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်ကြည်ကြည်လွင်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ ချောင်းသာယာကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးအေးထွန်းမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ ချောင်းခွကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်းမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ လယ်ဝေးမြို့နယ်၊ မကျည်းကွင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ကျားကူးအနောက်ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာအောင်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဧက ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀ တို့တွင် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ရွှေသံဖြူကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးတင်မောင်ထွန်းမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်ဖြိုးဖြိုးထိုက်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ကျေးချောင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးမျိုးမင်းမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ပျော်ရွာနှင့် ပိတောက်ချောင်းကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ် ဆင်သေကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်သာယာနုဝေစံမှ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာတွင် တပ်ကုန်းရှိ ဆီလုပ်ငန်းရှင်များ စုပေါင်း၍ ဆီပိဿာချိန် ၆၆၀ကို ဈေးကားဖြင့် ရောင်းချပေးခဲ့ကြောင်း” သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)