
စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တာဝန် ခံဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် မြို့မဈေးကြီးအတွင်း ဆီကိုယ်စားလှယ် လက်ကားဆိုင်(၁၆) ဆိုင်အား စားအုန်းဆီလက် လီရောင်းချပေးနေမှု သက်မှတ်ချက်နှင့်အညီ ပြည်သူများအား ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဓနုဖြူမြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိနှင့် ဆီကိုယ်စားလှယ်က စစ်ဆေးသည့်နေ့အတွင်း ဆီရောင်းချပိဿာနှင့် ရည်ညွှန်းဈေးဖော်ပြ၍ ရောင်းချခြင်းရှိ/ မရှိ၊ ဆီရောင်းချမှု စာရင်းရေးသွင်းထားမှုအခြေအနေကို စစ်ပြီး၊ စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) ကိုအသုံပြု၍ ဆောင်ရွက်ရာတွင် တိကျစွာ အချက်အလက်များဖြည့်သွင်း ဆောင်ရွက်နိုင်ရေး အကြံပြုစစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)