Main menu

ပန်းတနော် စာအုန်းဆီလက်ကား ဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၅)ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် မြို့မဈေးကြီးအတွင်း ဆီကိုယ်စားလှယ် လက်ကားဆိုင်(၂၁) ဆိုင်အား  စားအုန်းဆီလက် လီရောင်းချပေးနေမှု သက်မှတ်ချက်နှင့်အညီ ပြည်သူများအား ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော် စားအုန်းဆီ လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိနှင့် ဆီကိုယ်စားလှယ်က စစ်ဆေးသည့်နေ့အတွင်း ဆီရောင်းချပိဿာနှင့် ရည်ညွှန်းဈေးဖော်ပြ၍ ရောင်းချခြင်းရှိ/ မရှိ၊ ဆီရောင်းချမှု စာရင်းရေးသွင်းထားမှုအခြေအနေကို စစ်‌ပြီး၊ ရောင်းချနေသော ဆီပေပါခွဲများကို သန်ရှင်းသပ်ရပ်စွာ ဆေးကျောပြီးမှ ပြန်လည်အသုံးပြုရန်၊ ဆီပေပါအသစ်များ ရရှိပါက သန့်ရှင်စွာကိုင်တွယ်အသုံးပြုရန် စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များ အားစားအုန်းဆီ ဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) ကိုအသုံပြု၍ ဆောင်ရွက်ရာတွင် တိကျစွာ အချက်အလက်များဖြည့်သွင်း ဆောင်ရွက်နိုင်ရေး အကြံပြုစစ်ဆေး ပြောကြားခဲ့ပြီး၊ ယခုကဲသို့ စစ်ဆေးဆောင်ရွက်မှုကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆိုင်ရှင်များကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)