Main menu

ပန်းတနော် အခြေခံစားသောက်ကုန် ဈေးနှုန်းစာရင်းများ ကွင်းဆင်းစစ်ဆေးကောက်ယူခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အခြေခံစားသောက် ကုန်ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာ ရောင်းချနေမှုရှိ/ မရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက (၁၆-၇-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် မြို့မဈေးအတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

             ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ပန်းတနော်မြို့၊ မြို့မဈေးကြီးအတွင်း ဆန်၊ဆီ၊ဆား၊ပဲ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥစသည့်အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှုမရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုန်ဈေးနှုန်းစာရင်းများကိုပြုစု၍ ခရိုင်မှ အထက်ဌာနသို့ အပါတ်စဉ် ဈေးနှုန်း အပြောင်းအလဲ ရှိမရှိတို့ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)