
စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်) ၏ ၇/၂၀၂၅ကြိမ်မြောက်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို စားသုံးသူရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများခရိုင်မှ ဝန်ထမ်း(၉)ဦး၊ မြို့နယ်ဝန်ထမ်း(၈)ဦးစုစုပေါင်း (၁၇)ဦး Virtual စနစ်ဖြင့် (၁၆-၇-၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်မှ စတင်တက်ရောက့်ခဲ့ကြောင်း သိရှိရပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီးမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ၆/၂၀၂၆ အစည်းအဝေးဆုံးဖြတ်ချက်များ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက အခက်အခဲများကို တင်ပြဆွေးနွေး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အစည်းအဝေးတင်ပြချက်များကို မှတ်တမ်းထားရှိပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်းများနှင့် ရင်းနှီဖော်ရွေစွာ နှုတ်ဆက်အမှာစကားပြောကြားခဲ့ ဝန်ထမ်းတစ်ဦးခြင်းအလိုက် အရည်အသွေးပြည့်ဝစွာဖြင့် ကြိုစားအားထုတ်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)