Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် စားသုံးဆီများ အထူးဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

        (၁၅-၈-၂၀၂၂) ရက်နေ့မှာတော့ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးတို့ဦးဆောင်မှုဖြင့်  ရုံးအမှတ်(၅၂)ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနနှင့် ကျောင်းပညာနှင့်တသက်တာပညာရေးဦးစီး ဌာနများရှိ  ဝန်ထမ်းများကို ဘူးသွင်းဆီ(Consumer Pack) များကို ရောင်းချပေးခဲ့ပါတယ်။

          ထိုရောင်းချမှုတွင် စားသုံးဆီတစ်ပိဿာလျှင် (၃၉၀၀)ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် နှစ်ပိဿာနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက်ဈေးကားဖြင့် (၁၂၀၀)ပိဿာ သွားရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

         ထိုသို့ရောင်းချပေးမှုများကြောင့် ဝန်ထမ်းများအတွက် အဆင်ပြေမှုများစွာရှိပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့်ဝယ်ယူရရှိခြင်းနှင့်  ဝန်ထမ်းအိမ်ရာနေသူများ လက်ဝယ်အရောက် ဈေးကားဖြင့် လာရောက်ရောင်းချပေးမှုကြောင့် အထူးကျေးဇူးတင်ရှိ‌ကြောင်း ဌာနဆိုင်ရာဝန်ထမ်းများမှ ပြောကြားခဲ့ပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)