Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိဘုရားကြီးကုန်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ဧရာဝတီတိုင်းဒေသကြိးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု့

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖွဲ့တို့နှင့်အတူ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၄၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်ရှိ ဘုရားကြီးကုန်းကျေးရွာ တောင်သူဦးအောင်သောင်း၏လယ်၂ဧကတွင် မိုးစပါးရေဆင်းစိုက်ပျိုးနေမှုအား  သွားရောက်ကြည့်ရှု့ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍  မိုးစပါးအချိန်မှီ စိုက်ပျိုးပြီးစီးနိုင်ရေး၊ ဓာတ်မြေဩဇာများအား လိုသလောက်စနစ်တကျအသုံးပြုနိုင်ရေး သဘာဝမြေသဇာများကိုလည်း စိုက်ပျိုးကုန်ကျစရိတ်သက်သာနိုင်ရေးအတွက် ထည့်သွင်းအသုံးပြုကြရန်၊ စပါးပင်များပိုးကျမှု မရှိစေရေးအတွက် ပိုးသက်ဆေးများကိုလည်း စနစ်တကျအသုံးပြုတက်စေရန် လိုအပ်ကြောင်း၊ နည်းပညာများ လိုအပ်ပါက စိူက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ကြောင်း၊ ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ပြီး မော်တော်ယဉ်များဖြင့် ဆက်လတ်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)