Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် သခွားသီး ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူရစေရန် မိမိတို့တတ်ကျွမ်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ  အလုံးကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊  ဂေါ်ရခါးသီး အလတ်တစ်လုံးလျှင်(၅၅၀)နှင့် ဂေါ်ရခါးသီး အလုံးသေးတစ်လုံးလျှင် (၄၅၀)ကျပ်တို့ဖြင့်လည်းကောင်း သခွားသီးအကြီးတစ်လုံးလျှင် (၅၀၀)၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)