Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် သစ်ဖြူချောင်းကျေးရွာရှိ ဦးသိန်ဝင်း၏မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၅..၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀နာရီအချိန်တွင် မော်ကျွန်းမြို့နယ် သစ်ဖြူကျေးရွာရှိဦးသိန်းဝင်း၏ မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်မော်ကျွန်းမြို့နယ်တာဝန်ခံမှ သစ်ဖြူကျေးရွာရှိဦးသိန်းဝင်း၏ မုန့်ဟင်းခါးဖတ် လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိမရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)