Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၅-၂၀၂၈အတွက်အလုပ်အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်း

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် ရေသိုးညောင်ဝိုင်းကျေးရွာ သိန်းဇေယျာဝင်းဆန်စက်ရုံးခန်းတွင် ၂၀၂၅-၂၀၂၈ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်ရှင်အသစ်ပြန်လည် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး ဆန်စက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်မှသာ အောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အသင်းသားများ၏သဘောတူညီချက်ဖြင့် အသင်း၏ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး စာရင်းစစ်၊ ဘဏ္ဍရေးမှူးနှင့် အမှုဆောင်(၁၂)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ဆက်လတ်၍ တိုင်းအသင်းကိုယ်စားလှယ် ရွေးချယ်ခဲ့ရာဥက္ကဌနှင့် အတွင်းရေးမှူးနှစ်ဦး ရွေးချယ်တင်မြောက်ခဲ့ပြီးmyroတွင်သိုလှောင်ရုံ မှတ်ပုံတင်ရန်၊ လစဉ်ဆန်စပါးလက်ကျန် စားရင်းတင်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)