
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။
ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း ကင်ပလင်းရွက်သည် မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်တို့ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက်အဖြစ် ချက်ပြုတ်စားသောက်ပါကြောင်း၊ ချဥ်ပေါင်ရွက်ကဲ့သို့ ကြော်စားရလိုရပါကြောင်းနှင့် အချဉ်ကြော်တာအပြင် ပြုတ်၍လည်းသုပ်စားနိုင်ပါကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့်ပိတောက်မြိုင်ဈေးများတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကင်ပလင်းရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကင်ပလင်းရွက်(၁)ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် (၂)ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်(၄)ပုံလျှင်(၁၀၀၀)ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။
DOCA(စစ်ကိုင်း)